Ti84: Scientific Calculator with Grpher Android Emulator

ပြောင်းလဲလာမယ့် ပညာရေး စနစ်မှာ graphing calculator ဆိုတာ အထက်တန်းဆင့် ကျောင်းသားများအတွက် မရှိမဖြစ်လိုအပ်တဲ့ instrument တစ်ခုပါ လက်ရှိပညာရေးအတွက် အသုံးပြုမယ့် scientific calculator ကတော့ fx 991 es plus လို့ online ပေါ်မှာ သတင်းတွေ ထွက်လာတာလဲ တွေ့ရပါတယ်။

Scientific Calculator တွေမှာ နာမည်ကြီးတာကတော့ ဂျပန်နိုင်ငံထုတ် Fx Series တွေနဲ့ အမေရိကထုတ် Ti Series တွေပါ။ နာမည်ကြီးသလို အသုံးပြုနိုင်မှုကလည်း အလွန်ကောင်းပါတယ်။ လွန်ခဲ့သော အနှစ် ၂၀ လောက်က dot matrix graphing calculator တစ်လုံးကိုင်ထားနိုင်ရင် ကျောင်းသားတွေကြားမှာ အားထားရသူတစ်ယောက် ဖြစ်ရလောက်အောင် မျက်နှာပန်းပွင့်ခဲ့တာပေါ့။

ယနေ့အင်တာနက်တွေ ရှိလာတော့ online အသုံးပြုမှု‌တွေ တွင်ကျယ်လာပြီး၊ graphing calculator သာမဟုတ်၊ symbolab, wolframalpha, desmos, geogebra အစရှိတဲ့ powerful symbolic solver တွေ က လွှမ်းမိုးနေရာယူလာပေမယ့် စာသင်ခန်းနဲ့ စာမေးပွဲလို offline အသုံးပြုရမယ့် နေရာတွေမှာတော့ scientific calculator တွေဟာ မရှိမဖြစ်လိုအပ်နေဆဲပါ။ ဒါ့အပြင် Online Solver တွေက အင်တာရှိမှ သုံးလို့ရမှာ ဖြစ်ပေမယ့် Scientific calculator တွေကတော့ offline သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ကျောင်းသားတိုင်းမှာ scientific calculator တစ်ခုရှိဖို့ လိုအပ်လာပါပြီ။

Android phone တွေ တွင်ကျယ်လာလို့ scientific calculator တွေကို android app အနေနဲ့ သုံးလို့ရလာလို့ စာသင်ခန်း၊ စာမေးပွဲခန်း မဟုတ်တဲ့နေရာတွေမှာတော့ calculator တွေကို phone ပေါ်မှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် scientific calculator တွေ သုံးလာရတော့မယ့် အခြေအနေမှာ ကျောင်းသားတွေ အနေနဲ့ကော ဆရာတွေ အနေနဲ့ပါ scientific calculator အသုံးပြုနည်းတွေကို လေ့လာထားသင့်ပြီလို့ ယူဆမိပါတယ်။

Scientific Calculator android app တွေ များစွာရှိတဲ့ အထဲက အမေရိကန်ထုတ် Ti84 Scientific Calculator + Graphig Calculator ကတော့ အသုံးပြုနိုင်မှု Function စုံလင်သလို စျေးကလဲကြီးပါတယ်။ Powerful Calculator တစ်ခုလဲ ဖြစ်ပါတယ်။ အခု post မှာတော့ Android phone မှာ သုံးနိုင်တဲ့ Ti84 Android Emulator ကို တင်ပြပေးပါမယ်။ Ti84 မှာ သုံးနိုင်တဲ့ Functions တွေစုံလင် များပြားလွန်းတာကြောင့် ဒီ post မှာ အကုန်တင်ပြနိုင်မှာ မဟုတ်ပါဘူး။ စာရေးသူလဲ Function အားလုံးကို မသုံးနိုင်ပါဘူး။ ကျောင်းသားအများစုအတွက် အခြေခံအသုံးပြုနိုင်တဲ့ Function တစ်ချို့ကို တင်ပြသွားမှာပါ။ အသုံးပြုနည်းမဟုတ်ပါ။



Ti84 မှာသုံးနိုင်တာတွေထဲက လက်လှမ်းမီသလောက် တင်ပြရရင်
  • basic numeric operation
  • solving two to five unknown simultaneous linear equations
  • solving polynomial to fifth degree
  • logarithms of any base
  • statistics, probability
  • complex number system
  • cartesin and polar coordinate system
  • trigonometry
  • calculus
  • matrix and vectors
  • graphing functions
  • discriminant of polynomial
  • python programming

စတာတွေ ဖြစ်ပါတယ်။ အခုပြောခဲ့တာ အပြင် အခြားလုပ်ဆောင်နိုင်တဲ့ Functions များစွာရှိပါတယ် ဥပမာ symbolic derivative, symbolic integration လိုမျိုးကို တွက်ပြနိုင်ပါတယ် Scientific calculator အများစုဟာ numerical operation ကိုသာ တွက်ပြနိုင်ပါတယ်။ Symbolic operation ကို Online Solver တွေမှသာ ဖြေရှင်းနိုင်ပေမယ့် Differentiation နဲ့ Integration ကိုတော့ Ti84 မှာ ဖြေရှင်းပေးနိုင်ပါတယ်။ Python ကိုနားလည်ရင် ကိုယ်တိုင် program ရေပြီး solve လုပ်နိုင်ပါသေးတယ်။

Funtion တစ်ခုချင်းစီအတွက် Function tip တွေပါလို့ ဆက်လက်လေ့လာ သုံးစွဲကြည့်ဖို့တိုက်တွန်းပါတယ်။ hard device ဝယ်သုံးနိုင်ရင် အကောင်းဆုံးပါ။ နောင်မှာ စာသင်ခန်းသုံး အနေနဲ့လည်း အဆင်ပြေမှာ ဖြစ်ပေမယ့် Hard device မရှိသေးရင်တော့ android emulator ကို download ယူပြီး android phone နဲ့ သုံးနိုင်တယ်။



စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!
Previous Post Next Post