Real Number System

Algebra မှာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး real number system ဆိုတာကို ပြောပြချင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ real number ဆိုတာတွေကို ရေတွက်ပြလို့ မရပါဘူး။ Real number ဆိုတာကို Real Number Line အနေနဲ့ပဲ တင်ပြနိုင်ပါတယ်။ အခုပုံမှာ ပြထားသလိုပေါ့။

အခုပြထာတဲ့ အပိုင်းတွေဟာ real number ရဲ့ sample တွေဖြစ်တဲ့ integers တွေပဲဖြစ်ပါတယ်။ တကယ်တော့ 0 နှင့် 1 ကြားမှာကိုပဲ ဘယ်လိုမှ ရေတွက်ပြလို့ မရနိုင်တဲ့ real numbers တွေရှိပါတယ်။ ဒါကြောင့် ကိန်းမျဉ်း (Number Line ) ပေါ်မှာရှိတဲ့ အမှတ်တိုင်းဟာ real number ကို ကိုယ်စားပြုပါတယ်လို့ သတ်မှတ်နိုင်ပါတယ်။


ဒါကြောင့် ခြုံပြောရရင် Number Line ပေါ်မှာရှိတဲ့ အမှတ်တိုင်းကို real number အဖြစ်သတ်မှတ်နိုင်သည် လို့ ဆိုရမှာပါ။

Real number တွေကို အပိုင်းနှစ်ပိုင်း ခွဲခြားသတ်မှတ်နိုင်ပါတယ်။ တစ်ပိုင်းကို Rational number လို့ခေါ်ပြီး Rational number မဟုတ်တဲ့ အပိုင်းတွေကိုတော့ Irrational number လို့သတ်မှတ်ပါတယ်။

Rational number ဆိုတာက အပိုင်းကိန်းအသွင် (p/q form) ဖေါ်ပြနိုင်တဲ့ ကိန်းအားလုံးကို ဆိုလိုပါတယ်။ ဥပမာပြောရရင် (1/2, 3/4, 22/7, -4, 3, etc.) တွေပါပဲ။ Irrational number ဆိုတာက Rational ရဲ့ ဆန့်ကျင်ဘက်လို့ ဆိုခဲ့တဲ့အတိုင်း အပိုင်းကိန်းအသွင် ဖေါ်ပြလို့မရပါဘူး။ ဥပမာပြောရရင် (√2, √5, π (pi)) တို့ဟာ Irrational number တွေပဲဖြစ်ပါတယ်။

ပိုပြီးတိကျအောင်ပြောရရင် Rational Number ဆိုတာ အဆုံးရှိဒသမကိန်း (သို့) အဆုံးမရှိပြန်ထပ် ဒသမကိန်း (terminating decimal or non-terminating but recurring decimal) လို့ ဆိုနိုင်ပါတယ်။
ဥပမာ --- 1/2=0.5, 1/3=0.333...

Irrational Number ဆိုတာကတော့ အဆုံးမရှိ၊ ပြန်လည်းမထပ်သော ဒသမကိန်းများ (Non-terminating and non-recurring decimal) လို့ပြောရမှာဖြစ်ပါတယ်...
ဥပမာ --- √2=1.4142135623730950488016887242097....

Rational Number ကိုထပ်မံပြီး group နှစ်ခုခွဲထုတ်နိုင်ပါတယ်။ အဲဒါကတော့ အပိုင်းကိန်း(fractions) တွေနဲ့ ကိန်းပြည့် (integers) တွေရယ်ဆိုပြီးပေါ့။

Integers ကိုထပ်ပြီးခွဲခြားလိုက်ရင်တော့ အပြည့်ကိန်း(whole numbers) ရယ် အနှုတ်ကိန်းပြည့် (negative integers)ရယ်ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပြန်ပါတယ်။

အပြည့်ကိန်းဆိုတာကိုတော့ သုည(zero) နဲ့ သဘာဝကိန်း(natural numbers) ရယ်ဆိုပြီး ခွဲခြားလို့ ရပါတယ်။ အောက်မှာ ပေးတဲ့ word diagram လေးကိုကြည့်လိုက်ရင် Real Number ရဲ့ဖွဲ့စည်းပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာပါ။




စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!

Post a Comment

To be published, comments must be reviewed by the administrator *

أحدث أقدم
💬 1
TM
Target Mathematics
Usually replies instantly
TM
Target Mathematics မှ ကူညီရန် အသင့်ရှိပါတယ်။ ဘာများ သိရှိချင်ပါသလဲ။ Target Mathematics Facebook Page မှာလဲ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်