Polynomial (Part -1)

Polynomial ဆိုတာ ကိန်းရှင်တစ်ခုရဲ့ အပြည့်ကိန်း ထပ်ကိန်းများသာ ပါဝင်တဲ့ ကိန်းတန်းတစ်ခုပေါ့၊ ကိန်းလုံး တစ်ခုချင်းစီကို အပေါင်းအနှုတ် လက္ခဏာတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီကိန်း တစ်ခုချင်းစီကို term လို့ ခေါ်ပါတယ်။ Poly ဆိုတာ many လို့ အဓိပ္ပာယ်ရပြီး nomial ဆိုတာ terms လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် လုံးကောက်တိုက်ရိုက် ဘာသာပြန်လိုက်ရင် polynomial ဆိုတာ many terms ပေါ့။
  •  2x5 – 5x3 – 10x + 9

  • 5x3 + 3x – 1

  • ax2 + bx +c 

  • 2x

  • 3

စတာတွေကို polynomial လို့ ခေါ်ပါတယ်။ ဟာ ( 3x0 ဖြစ်လို့ polynomial အဖြစ် သတ်မှတ် နိုင်ပါတယ်)

 $ \displaystyle 4x^2+3x-7$ 

 အထက်က ကိန်းတန်းကို ကြည့်မယ်ဆိုရင် ထပ်ကိန်းတွေ အဆင့်ဆင့်ပြောင်းသွားတဲ့ $ \displaystyle x$  ကို ကိန်းရှင် (variable ) လို့ ခေါ်ပါတယ်။ variable ရှေ့မှာ မြှောက်ထားတဲ့ 4, 3, 7 တို့ကိုတော့ မြှောက်ဖော်ကိန်း (coefficients) တွေ လို့ ခေါ်ပါတယ်။ 7 ရဲ့ နောက်မှာ x0 ရှိတယ်လို့ နားလည်ထားရပါမယ်။ x0 ဆိုတာ ထည့်ရေးဖို့ မလိုတဲ့ အတွက်ကြောင့် x0 ပါတဲ့ terms ကို ကိန်းသေ (constant term) လို့ခေါ်ပါတယ်။ 

အထက်မှာ ပြောခဲ့တဲ့အတိုင်း polynomial ရဲ့ ထပ်ကိန်းတွေဟာ အပြည့်ကိန်း (0, l , 2, 3, ...) ပဲ ဖြစ်ရပါမယ်။  variable ရဲ့ အကြီးဆုံးထပ်ကိန်း ကိုတော့ ၎င်း polynomial ရဲ့ order သို့မဟုတ် degree လို့ခေါ်ပါတယ်။ 
  •  2x5 – 5x3 – 10x + 9 (polynomial of order 5 (or) the fifth degree polynomial)

  • 5x3 + 3x – 1 (polynomial of order 3 (or) the third degree polynomial)

  • ax2 + bx +c (polynomial of order 2 (or) the second degree polynomial)

Polynomial ရဲ့ ထပ်ကိန်းတွေဟာ အနှုတ်ကိန်း (negative numbers) အပိုင်းကိန်း (fraction) မဖြစ်ရပါဘူး။ အောက်ပါကိန်းတန်းတွေကို polynomial လို့ မသတ်မှတ်နိုင်ပါဘူး။

$ \displaystyle \frac{3}{{{{x}^{2}}}}+\frac{2}{x}-5+10x$

$ \displaystyle 3{{x}^{{\frac{4}{3}}}}-2{{x}^{{\frac{1}{2}}}}+5$ 


Polynomial တစ်ခုကို ယျေဘုယျ (general expression)  အနေနဲ့ အောက်ပါအတိုင်း ဖေါ်ပြနိုင်ပါတယ်။

$ \displaystyle {{a}_{n}}{{x}^{n}}+{{a}_{{n-1}}}{{x}^{{n-1}}}+...+{{a}_{2}}{{x}^{2}}+{{a}_{1}}x+{{a}_{0}}$
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!

Post a Comment

To be published, comments must be reviewed by the administrator *

أحدث أقدم
💬 1
TM
Target Mathematics
Usually replies instantly
TM
Target Mathematics မှ ကူညီရန် အသင့်ရှိပါတယ်။ ဘာများ သိရှိချင်ပါသလဲ။ Target Mathematics Facebook Page မှာလဲ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်