Target Mathematics (သင်ရိုးသစ် ဆယ်တန်း သင်္ချာ) - အတွဲ (၁) နှင့် အတွဲ (၂)


မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို K+12 စနစ်သစ်သို့ အတန်းလိုက် နှစ်အပိုင်းအခြားအလိုက် ပြောင်းလဲ လာခဲ့ရာ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အထက်တန်းဆင့် ပြောင်းလဲမှုမှာ အသက်ဝင်လာပြီ ဖြစ်သည်။

အတန်းစနစ် ပြောင်းလဲမှုနှင့်အတူ သင်ခန်းစာသင်ရိုးများလဲ ပြောင်းလဲလာခဲ့ရာ Grade 10 Mathematics လည်းပါဝင်လာပါသည်။ Grade 10 Mathematics သည် ယခင် န၀မတန်း သင်ရိုးကို အခြေခံ ပြောင်းလဲထားပြီး နိုင်ငံတကာ သင်ရိုးများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ပြောင်းလဲမှု အများအပြား ပါဝင်လာပါသည်။

သင်ရိုးအပြောင်းအလဲတွင် သင်ယူလေ့လာသူ ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာဆိုင်ရာ သဘောတရားများ၊ ဝေါဟာရများ၊ လွယ်ကူစွာ လေ့လာနိုင်ရေးအတွက် Target Mathematics မှ သင်ရိုးသစ် သင်္ချာအထောက်ကူပြု စာအုပ်ကို စီစဉ် ထုတ်ဝေလိုက်ပါသည်။ သင်ရိုးသစ် သင်္ချာတွင် ယခင်သင်ရိုးဟောင်း ကဲ့သို့ အခန်း (၁၀) ခန်းပါဝင်ပါသည်။

သင်ရိုးသစ်ပြဌာန်းချက်တွင် ပါဝင်သော သင်ခန်းစာများ


Chapter Title
Chapter (1) Introduction to Coordinate Geometry
Chapter (2) Exponents and Radicals
Chapter (3) Logarithms
Chapter (4) Functions
Chapter (5) Quadratic Functions
Chapter (6) Absolute Value Functions
Chapter (7) Probability
(chapter (8) Similarity
Chapter (9) Circles
Chapter (10) Trigonometry

Target Mathematics သည် အထက်ပါ သင်ခန်းစားများမှ Chapter (1) မှ Chapter (6) အထိကို အတွဲ (၁) ဖြစ် ထုတ်ဝေခဲ့ပြီး Chapter (7) မှ (10) အထိကို အတွဲ(၂) အဖြစ်ဆက်လက် ထုတ်ဝေလိုက်ပါပြီ။ အတွဲ(၁) နှင့် အတွဲ(၂) နှစ်အုပ်လုံးအတွက် အောက်ပါအတိုင်း စီစဉ်ထားပါသည်။

Grade 10 - Vol (1), Price = K 3500 Grade 10 - Vol (2), Price = K 3000

  • သင်ခန်းစာ ရှင်းလင်းချက်
  • သင်ရိုးအတိုင်း လေ့ကျင့်ခန်းများ
  • ထပ်ဆောင်းလေ့ကျင့်ခန်းများ
  • သင်ရိုးအကျဉ်းချုပ် စုစည်းမှု (Summary)
  • လေ့ကျင့်ခန်းတိုင်း အတွက် answer key များ ဖြစ်ပါသည်။

Target Mathematics အတွဲ (၁) နှင့် အတွဲ(၂) နှစ်အုပ်လုံးသည် လေ့လာသူအတွက် ...

  • ပြဌာန်းသင်ရိုးစာအုပ် အဖြစ်သော်လည်းကောင်း
  • အထူးထုတ်အသွင် အဖြစ်သော်လည်းကောင်း
  • ဖတ်မှတ်ရန် ဂျာနယ် အဖြစ်သော်လည်းကောင်း
  • အဖြေတိုက်စစ်ဆေးရန် Key Book အဖြစ်သော်လည်းကောင်း

ဘက်စုံအသုံးချနိုင်ရန် ရေးသားပြင်ဆင် ပေးထားသဖြင့် သင်ယူလေ့လာသူ ကျောင်းသား၊ ကျောင်းသူတို့အတွက် များစွာအထောက်အကူ ဖြစ်စေလိမ့်မည် ဟုယုံကြည်မိပါသည်။

ထို့အပြင် သင်ခန်းစာ လေ့ကျင့်ခန်းတိုင်းအတွက် အဖြေအပြည့်အစုံ (Complete Solution) ကိုလည်း ယခု website တွင် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် တင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

မှာယူလိုပါက အောက်ပါ Order Form တွင် ပုံစံဖြည့်၍ မှာယူနိုင်ပါသည်။ ပုံစံဖြည့်၍ Submit လုပ်လိုက်သည်နှင့် မှာယူသူ၏ အမှာစာကို လက်ခံရပြီး ငွေလွှဲရန်အတွက် ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။

စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!

Post a Comment

To be published, comments must be reviewed by the administrator *

أحدث أقدم
💬 1
TM
Target Mathematics
Usually replies instantly
TM
Target Mathematics မှ ကူညီရန် အသင့်ရှိပါတယ်။ ဘာများ သိရှိချင်ပါသလဲ။ Target Mathematics Facebook Page မှာလဲ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်