Real Number System

Algebra α€™ွာ ထေα€›းထႀကီးဆံုးα€”ဲα‚” ထခြေခံထကျဆုံး real number system ဆိုတာα€€ို ပြောပြချင်ပါα€α€š်။ α€α€€α€š်တော့ ကျွα€”်တော်တိုα‚”တွေ real number ဆိုတာတွေα€€ို ရေတွα€€်ြα€•α€œိုα‚” မရပါα€˜ူး။ Real number ဆိုတာα€€ို Real Number Line ထေα€”α€”ဲ့ပဲ တင်ပြနိုင်ပါα€α€š်။ ထခုပုံα€™ှာ ပြထားα€žα€œိုပေါ့။

ထခုပြထာတဲ့ ထပိုင်းတွေα€Ÿာ real number α€›ဲ့ sample တြွေα€–α€…်တဲ့ integers တွေပြဲα€–α€…်ပါα€α€š်။ α€α€€α€š်တော့ 0 နှင့် 1 ကြားα€™ှာα€€ိုပဲ α€˜α€š်α€œိုα€™ှ ရေတွα€€်ြα€•α€œိုα‚” α€™α€›နိုင်တဲ့ real numbers တွေα€›ှိပါα€α€š်။ α€’ါကြောင့် α€€ိα€”်းα€™ျα€₯်း (Number Line )ေα€•αšα€™ှာα€›ှိတဲ့ ထမှတ်တိုင်းα€Ÿာ real number α€€ို α€€ိုα€š်α€…ားပြုပါα€α€š်α€œိုα‚” α€žα€်α€™ှတ်နိုင်ပါα€α€š်။


α€’ါကြောင့် ခြုံပြောရရင် Number Lineေα€•αšα€™ှာα€›ှိတဲ့ ထမှတ်တိုင်းα€€ို real number ထြα€–α€…်α€žα€်α€™ှတ်နိုင်α€žα€Š် α€œိုα‚” ဆိုα€›α€™ှာပါ။

Real number တွေα€€ို ထပိုင်းနှα€…်ပိုင်း ခွဲခြားα€žα€်α€™ှတ်နိုင်ပါα€α€š်။ တစ်ပိုင်းα€€ို Rational number α€œိုα‚”ေα€αšαΏα€•ီး Rational number α€™α€Ÿုတ်တဲ့ ထပိုင်းတွေα€€ိုတော့ Irrational number α€œိုα‚”α€žα€်α€™ှတ်ပါα€α€š်။

Rational number ဆိုတာα€€ ထပိုင်းα€€ိα€”်းα€‘α€žွင် (p/q form)ေα€–αšပြနိုင်တဲ့ α€€ိα€”်းထားα€œုံးα€€ို ဆိုα€œိုပါα€α€š်။ α€₯ပမာပြောရရင် (1/2, 3/4, 22/7, -4, 3, etc.) တွေပါပဲ။ Irrational number ဆိုတာα€€ Rational α€›ဲ့ ဆန်α‚”α€€ျင်α€˜α€€်α€œိုα‚” ဆိုခဲ့တဲ့ထတိုင်း ထပိုင်းα€€ိα€”်းα€‘α€žွင်ေα€–αšြα€•α€œို့မရပါα€˜ူး။ α€₯ပမာပြောရရင် (√2, √5, Ο€ (pi)) တုα‚”ိα€Ÿာ Irrational number တွေပြဲα€–α€…်ပါα€α€š်။

ပိုပြီးတိα€€ျထောင်ပြောရရင် Rational Number ဆိုတာ ထဆုံးα€›ှိα€’α€žα€™α€€ိα€”်း (α€žိုα‚”) ထဆုံးα€™α€›ှိပြန်ထပ် α€’α€žα€™α€€ိα€”်း (terminating decimal or non-terminating but recurring decimal) α€œိုα‚” ဆိုနိုင်ပါα€α€š်။
α€₯ပမာ --- 1/2=0.5, 1/3=0.333...

Irrational Number ဆိုတာα€€တော့ ထဆုံးα€™α€›ှိ၊ ပြန်α€œα€Š်းမထပ်ေα€žာ α€’α€žα€™α€€ိα€”်းα€™ျား (Non-terminating and non-recurring decimal) α€œိုα‚”ပြောα€›α€™ြှာα€–α€…်ပါα€α€š်...
α€₯ပမာ --- √2=1.4142135623730950488016887242097....

Rational Number α€€ိုထပ်α€™ံပြီး group နှα€…်ခုခွဲထုတ်နိုင်ပါα€α€š်။ ထဲα€’ါα€€တော့ ထပိုင်းα€€ိα€”်း(fractions) တွေα€”ဲα‚” α€€ိα€”်ြးα€•α€Š့် (integers) တွေα€›α€š်ဆိုပြီးပေါ့။

Integers α€€ိုထပ်ပြီးခွဲခြားα€œိုα€€်ရင်တော့ ထြα€•α€Š့်α€€ိα€”်း(whole numbers) α€›α€š် ထနှုတ်α€€ိα€”်ြးα€•α€Š့် (negative integers)α€›α€š်ဆိုပြီး နှα€…်α€™ျိုးခွဲခြားနိုင်ပြန်ပါα€α€š်။

ထြα€•α€Š့်α€€ိα€”်းဆိုတာα€€ိုတော့ α€žုα€Š(zero) α€”ဲα‚” α€žα€˜ာဝကိα€”်း(natural numbers) α€›α€š်ဆိုပြီး ခွဲခြားα€œိုα‚” ရပါα€α€š်။ ထောα€€်α€™ှာ ပေးတဲ့ word diagramေα€œးα€€ိုαΎα€€α€Š့်α€œိုα€€်ရင် Real Number α€›ဲ့α€–ွဲα‚•α€…α€Š်းပုံ ထဆင့်ဆင့်α€€ို တွေα‚•မြင်α€›α€™ှာပါ။




α€…ာဖတ်α€žူ၏ ထမြင်α€€ို α€œေးα€…ားα€…ွာα€…ောင့်α€™ျှော်α€œျα€€်!

Post a Comment

To be published, comments must be reviewed by the administrator *

Previous Post Next Post
πŸ’¬ 1
TM
Target Mathematics
Usually replies instantly
TM
Target Mathematics α€™ှ α€€ူα€Šီα€›α€”် α€‘α€žα€„့်α€›ှိပါα€α€š်။ α€˜ာα€™ျား α€žိα€›ှိချင်ပါα€žα€œဲ။ Target Mathematics Facebook Page α€™ှာα€œဲ တိုα€€်α€›ိုα€€် α€™ေးα€™ြα€”်းα€”ိုင်ပါα€α€š်