Definition of a Limit


$ \displaystyle f(x)=\frac{{{{x}^{3}}-1}}{{x-1}}$ ဆိုတဲ့ function တစ်ခုကို စဉ်စားကြည့်ရအောင် $ \displaystyle f(x)$ ဟာ ထည့်လိုက်တဲ့ $ \displaystyle x$ တန်ဖိုးတိုင်းအတွက် output (image) တစ်ခု ထုတ်ပေးမှာပေါ့။ 

အပေါ်က slider ကို ဆွဲကြည့်ပါ။ 

ဒါပေမယ့် $ \displaystyle x=1$ ဖြစ်သွားရင်တော့ $ \displaystyle f(x)$ ဟာ ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ $ \displaystyle f(1)=\frac{{1-1}}{{1-1}}=\frac{0}{0}$ ဆိုတာကို $ \displaystyle f(x)$ က နားမလည်တော့ဘူးလေ။ 

ဘယ်ကိန်းကို မဆိုာ့ $ \displaystyle 0$ နဲ့ စားခြင်းက အဓိပါယ်မရှိလို့ပါပဲ။ ဒါဆိုရင် $ \displaystyle x$ က $ \displaystyle 1$ ဖြစ်လို့ မရဘူးပေါ့။ $ \displaystyle x=1$ မဖြစ်ရဘူးဆိုရင် ဘယ်လောက်အထိ ဖြစ်ခွင့် ရှိပါသလဲ။ 

$ \displaystyle x=1$ မဖြစ်ဖို့ပဲ လိုတာ။ ။ $ \displaystyle 1$ မဟုတ်တဲ့ ဘယ်ကိန်းစစ်မဆို ဖြစ်လို့ ရပါတယ်။ 

ကျွန်တော့် ကျောင်းသားတွေကို သင်လိုက်သလို ပြောရရင် ။ $ \displaystyle 1$ ကို ထိလို့ မရဘူး ထိရင် ရှော့ပဲ။ မထိနဲ့လို့ ပြောတာ.. မကပ်နဲ့ လို့ မပြောတဲ့ အတွက် ။ $ \displaystyle 1$ ရဲ့ အနားကို ကပ်နိုင် သလောက်ထိ ကပ်ကြည့်မယ်..။ 

တကယ်တော့ ကပ်နိုင်သလောက်ဆိုတာ ဘယ်လောက်လဲ တိတိကျကျ တန်ဖိုးတော့ မရှိဘူးပေါ့။ အောက်က ဇယားကိုကြည့်ပါ။


$ \displaystyle x$ က $ \displaystyle 1$ အနားကို နီးကပ်လာလေလေ ... $ \displaystyle f(x)$ က $ \displaystyle 3$ အနားကို ရောက်လာလေလေပေါ့။ 

$ \displaystyle x=1$ ဆိုပြီး တိုက်ရိုက်ထည့် လိုက်ရင်တော့ ရှော့ပဲ...။ စိတ်ရှည်ရှည်နဲ့ ကပ်ကြည့် လိုက်ရင်တော့ ရလဒ်တစ်ခု ထွက်လာတာပေါ့။ 

ဒါကို Calculus မှာ $ \displaystyle f(x)$ ရဲ့ limit လို့ သတ်မှတ်ပြီး သင်္ကေတ အားဖြင့် $ \displaystyle \underset{{x\to 1}}{\mathop{{\lim }}}\,f(x)=3$ (The limit of f(x) as x approaches 1 is 3) လို့ သတ်မှတ်ပါတယ်။ 

လက်တွေ့ပုစ္ဆာဖြေရှင်းရာမှာတော့ ပုစ္ဆာတိုင်းကို အခုလို ချဉ်းကပ်ဖြေရှင်းဖို့ မဖြစ်နိုင်တော့တဲ့အတွက် တိုက်ရိုက်အစားသွင်းကြည့်တဲ့ အခါ $ \displaystyle f(1)=\frac{0}{0}$ (indeterminate form လို့ ခေါ်ပါတယ်) ဖြစ်ရင် discontinuity ကနေ continuous condition (အစားသွင်းလို့ ရမယ့် အခြေအနေကို) ပြောင်းလဲ ဖြေရှင်းပြီးမှ တွက်ကြရတာပေါ့။ 

အခုလို တွက်ပါမယ်။

$ \displaystyle \underset{{x\to 1}}{\mathop{{\lim }}}\,\frac{{{{x}^{3}}-1}}{{x-1}}=\underset{{x\to 1}}{\mathop{{\lim }}}\,\frac{{(x-1)({{x}^{2}}+x+1)}}{{x-1}}$

$ \displaystyle \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ =\underset{{x\to 1}}{\mathop{{\lim }}}\,({{x}^{2}}+x+1)\ \ \ \ \ \ \left[ {\text{continuous}\ \text{condition}} \right]$

$ \displaystyle \begin{array}{l}\ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ =\ 1+1+1\\\\\ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ \ =\ 3\end{array}$

Definition of a limit

If $ \displaystyle f(x)$ becomes arbitrarily close to a single number $ \displaystyle L$ as $ \displaystyle x$ approaches $ \displaystyle c$ from either side, then the limit of $ \displaystyle f(x),$ as $ \displaystyle x$ approaches $ \displaystyle c$, is $ \displaystyle L$. This limit is written as

$ \displaystyle \underset{{x\to c}}{\mathop{{\lim }}}\,f(x)=L$

Limit ပုစ္ဆာများ တွက်ရမှာ သိထားရမယ့် properties တွေကို တော့ 👉 ဒီနေရာမှာ 👈 ဖတ်ကြည့်ပါ။
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!
Previous Post Next Post