Loading [MathJax]/jax/output/HTML-CSS/jax.js

Calculus : Tangent Line and Normal Line

Find the equation of the normal to the curve y=1x2 at the point where the curve crosses the positive x-axis. Find also the coordinates of the point where the normal meets the curve again.  

y=1x2 ဆိုတဲ့ curve က အပေါင်း x ၀င်ရိုးကို ဖြတ်သွားတဲ့ နေရာမှာ ရှိတဲ့ normal line equation ကို ရှာပေးပါ။ ၎င်း normal line က curve ကို နောက် တစ်ကြိမ် ဖြတ်သွားတဲ့ အမှတ်ကိုလည်း ရှာပေးပါ။ 

Curve က x ၀င်ရိုးကို y=0 ဖြစ်တဲ့ နေရာမှာ ဖြတ်တာပေါ့။ ဒါဆိုရင် ပေးထားတဲ့ curve : 1x2 ကို 0 နဲ့ ညီပေးလိုက်ရင် curve ဖြတ်သွားတဲ့ x ၀င်ရိုးပေါ်က အမှတ်တွေ ရပြီပေါ့။ အပေါင်း x ၀င်ရိုးလို့ ပြောထားတာလို့ x coordinate မှာ အနှုတ်ပါလာရင် အနှုတ် တန်ဖိုးကို ပယ်ရပါမယ်။ 

Normal Line ရဲ့ equation ကို ရှာဖို့ gradient (slope) ကိုလည်း သိရမယ်။ Normal Line ဆိုတာ tangent ပေါ် ထောင့်မတ်ကျလို့ tangent gradient ရဲ့ အနှုတ်လှန်ကိန်း (negative reciprocal) ဖြစ်ပါတယ်။ gradient of tangent =m ဖြစ်တယ်ဆိုရင် normal ရဲ့ gradient က 1m ဖြစ်မှာပေါ့။ ဒါဆိုရင် tangent ရဲ့ gradient ကို သိရင် normal line equation ကို (yy1)=1m(xx1) ဆိုတာနဲ့ ရှာလိုက်ရင် ရပြီ။ 

Gradient of tangent = dydx ဆိုတာ differentiation from the first principles ကတည်းက သိပြီးဖြစ်မှာပါ။ tangent ရဲ့ gradient ကို ရဖို့ ပေးထားတဲ့ curve ကို differentiate လုပ်ရင် ရပါပြီ။

Curve ကို differentiate လုပ်လို့ရတဲ့ tangent ရဲ့ gradient ဆိုတာ general form (curve ပေါ်မှာရှိတဲ့ မည်သည့်နေရာကို မဆို ဆိုလိုတယ်)။ မေးခွန်းက မေးထားတာက အပေါင်း x ၀င်ရိုးကို ဖြတ်သောနေရာလို့ ဆိုထားလို့ ရှာထားတဲ့  x ၀င်ရိုး ဖြတ်မှတ် [ (x1,y1) လို့ ဆိုကြပါဆို့] အစားသွင်းလိုက်မှ လိုချင်တဲ့ tangent line ရဲ့ gradient ကို ရမှာပေါ့။ ဆိုလိုတာက m=dydx|(x1,y1) ပါ။

Normal Line equation ရရင် မေးခွန်းက ထပ်ဆင့်မေးထားတာက ၎င်း Normal Line က Curve ကို နောက်တစ်ကြိမ် ဖြတ်တဲ့အမှတ်ကို ရှာပေးပါလို့ ဆိုထားပါတယ်။

Line နှစ်ကြောင်းဖြတ်မှတ်ဆိုတာ အလယ်တန်း အဆင့်မှာကတည်းက သိခဲ့ပြီးပါပြီ။ ၎င်း Line နှစ်ကြောင်းကို တပြိုင်နက် ပြေလည်စေတဲ့ x - coordinate နဲ့ y - coordinate ကို ရှာခိုင်းတာ ဖြစ်ပါတယ်။

ထိုနည်းတူ ပါပဲ။ Curve နဲ့ Normal Line တို့ဖြတ်မှတ်ဆိုတာ ၎င်း Equation နှစ်ကြောင်းကို တပြိုင်နက် ပြေလည်စေတဲ့ x - coordinate နဲ့ y - coordinate ကို ရှာပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဖြေရှင်းရမယ့် အဆင့်တွေကို သိလောက်ပြီလို့ ထင်ပါတယ်။ တွက်ကြည့်ကြစို့။

Solution

Curve : y=1x2When the curve cuts the xaxis, y=0.1x2=0x2=1x=±1But the required points lies on the positive xaxis, x=1Let (x1,y1)=(1,0)y=1x2dydx=2xm=dydx|(x1,y1)=dydx|(1,0)=2(1)=2Hence the equation of normal line at (x1,y1) is(yy1)=1m(xx1)y0=12(x1)y=12(x1)When this normal line meets the curve,12(x1)=1x22x2+x3=0(2x+3)(x1)=0x=32 or x=1When x=32 ,y=12(321)=54.

Therefore, the normal line meets
the curve again at the point (32,54).
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!
أحدث أقدم