Problem Solving Techniques
Example (1)
Find the equation of the circle which passes through the points A(2,6) and B(−2,−2) and has its centre lying on the line y=x+1.ရှင်းလင်းချက်
- စက်ဝိုင်းသည် အမှတ် A နှင့် B ကို ဖြတ်သွားသည်။ ထို့ကြောင့် AB သည် လေးကြိုးတစ်ကြောင်း ဖြစ်သည်။
- လေးကြိုးတစ်ကြောင်း ၏ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်း (perpendicular bisector) သည် စက်ဝိုင်း၏ ဗဟိုကို ဖြတ်သည်။ ထို့ကြောင့် AB ထောင့်မှတ်ကျ ထက်ဝက်ပိုင်းမျဉ်းပေါ်တွင် စက်ဝိုင်း၏ ဗဟိုရှိသည်။
- ပေးချက်အရ y=x+1 ပေါ်တွင်လည်း စက်ဝိုင်း၏ ဗဟိုရှိသည်။ ထို့ကြောင့် AB ၏ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်း နှင့် y=x+1 ဆုံသော အမှတ်သည် စက်ဝိုင်း၏ ဗဟိုဖြစ်သည်။
- ထို့ကြောင့် equation of perpendicular bisector of AB (l ဟုဆိုပါစို့) ကို ဦးစွာရှာရမည်။
- l ၏ equation ကိုရှာရန် l ပေါ်ရှိအမှတ် တစ်ခုနှင့် l ၏ slope ml ကို သိရမည်။ AB ၏ အလယ်မှတ် (midpoint of AB) သည် l ပေါ်တွင်ရှိသည်။ တဖန် l သည် AB ပေါ်သို့ ထောင့်မတ်ကျသောကြောင့် ml=−1mAB ဖြစ်သည်။ ထို့ကြောင့် l ၏ equation ကို ရှာနိုင်ပြီ ဖြစ်သည်။
- l ၏ equation နှင့် y=x+1 ကို ဖြေရှင်းလျှင် စက်ဝိုင်း၏ ဗဟိုကို ရမည်။
- စက်ဝိုင်း၏ ဗဟိုနှင့် A (သို့မဟုတ်) စက်ဝိုင်း၏ ဗဟိုနှင့် B အကွာအဝေးသည် စက်ဝိုင်း၏ အချင်းဝက်ဖြစ်သည်။ ဗဟိုနှင့် အချင်းဝက်ကို ရလျှင် circle equation ကို ရှာနိုင်မည်။
Solution
Given : A(2,6) and B(−2,−2),AB is the chord of circle.
The centre of the circle lies on the line y=x+1.
Slope of AB=mAB=6+22+2=84=2
Midpoint of AB=(2−22,6−22)=(0,2)
Let the perpendicular bisector of AB be l.
∴ml=−12
Equation of l:y−2=−12x
∴x+2y=4−−−−(1)
y=x+1−−−−(1)
Solving equations (1) and (2), x=23 and y=53.
∴ The centre of the required circle is (23,53)
Radius of the required circle =√(23+2)2+(53+2)2=√1853
Equation of the required circle : (x−23)2+(y−53)2=1859
Example (2)
The line y=2x+5 cuts the circle x2+y2=10 at two points A and B.
- Find the coordinates of A and of B.
- Find the equation of the perpendicular bisector of AB and show that it passes through the centre of the circle.
- Given that the perpendicular bisector cuts the circle at P and Q, show that the x-coordinates of P and Q are k√2 and −k√2 respectively, where k is an integer to be found.
ရှင်းလင်းချက်
- မေးခွန်းက Line y=2x+5 က Circle x2+y2=10 ကို A နှင့် B တွင် ဖြတ်သွားသည်။ (a) တွင် ၎င်းအမှတ် A နှင့် B ကို ရှာရမည်။
- y=2x+5 နှင့် x2+y2=10 ညီမျှခြင်းနှစ်ကြောင်း ဖြေရှင်း၍ရသော အဖြေကိုမေးခြင်းဖြစ်သည်။
- (b) တွင် AB ၏ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်းသည် ဗဟိုကိုဖြတ်ကြောင်း သက်သေပြခိုင်းသည်။ လေးကြိုးတစ်ကြောင်း ၏ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်း (perpendicular bisector) သည် စက်ဝိုင်း၏ ဗဟိုကို ဖြတ် ကြောင်း Example (1) တွင် သိရှိပြီးဖြစ်သည်။ ထိုအဆိုပြုချက် မှန်ကန်ကြောင်း ပြန်လည်သက်သေပြပေးရန် ဖြစ်သည်။ သက်သေပြရန်မှာ Circle ၏ center (0,0) သည် Equation of perpendicular bisector of AB ကို ပြေလည်စေကြောင်း ပြနိုင်ရန်ဖြစ်သည်။
- (c) တွင် ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်းသည် စက်ဝိုင်းကို P နှင့် Q ၌ ဖြတ်လျှင် P ၏ x-coordinate ကို k√2 ပုံစံဖြင့်လည်းကောင်း၊ Q ၏ x-coordinate ကို −k√2 ပုံစံဖြင့်လည်းကောင်း၊ ဖော်ပြပြီး k တန်ဖိုးကို ရှာပေးရန်ဖြစ်သည်။ ထောင့်မတ်ကျ ထက်ဝက်ပိုင်းမျဉ်း၏ ညီမျှခြင်းနှင့် စက်ဝိုင်း၏ ညီမျှခြင်း နှစ်ခု တပြိုင်နက် ဖြေရှင်းခြင်းအားဖြင့် P နှင့် Q ၏ x-coordinates များကို ရှာယူနိုင်သည်။
Solution
Line : y=2x+5−−−(1)
Circle : x2+y2=10 −−−(2)
∴ Centre of circle =(0,0)
Radius of circle =√10
Substituting y=2x+5 in x2+y2=10, we have
x2+(2x+5)2=10
∴x2+4x+3=0
∴x=−3 or x=−1
x=−3⇒y=−1
x=−1⇒y=3
The points A and B are (−3,−1) and (−1,3) respectively.
Midpoint of AB=(−3−12,−1+32)=(−2,1)
Slope of AB=mAB=3+1−1+3=2
Let the perpendicular bisector of AB be l.
∴ml=−12
Equation of l:y−1=−12(x+2)
x+2y=0−−−(3)
When x=0,0+2y=0
Hence, the equation of the perpendicular bisector of AB, passes through the centre of the circle.
From equation (3), y=−x2 and substituting it in equation (2), we get
x2+(−x2)2=10
5x24=10
x2=8
x=±2√2
∴k=2
Example (3)
Find the equations for the circle determined by the three points A(2,−1),B(−1,2) and C(0,2).Hence or otherwise determine the centre of circle and its radius.
ရှင်းလင်းချက်
- မည်သည့်တြိဂံမဆို စက်ဝိုင်းတွင်းကျ (cyclic) ဖြစ်ကြောင်း grade (11) တွင် သိရှိခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုသော် မျဉ်းတစ်ဖြောင့်တည်း မဟုတ်သော (non-collinear) အမှတ်သုံးမှတ်တိုင်းသည် စက်ဝိုင်းတစ်ခုပေါ်တွင် ကျရောက်သည်။
- ထို့ကြောင့် မျဉ်းတစ်ဖြောင့်တည်း မဟုတ်သော အမှတ်သုံးမှတ် ပေးထားလျှင် ထိုအမှတ်များကို ဖြတ်သွားသော စက်ဝိုင်းတစ်ခု၏ ညီမျှခြင်းကို ရှာယူနိုင်သည်။
- စက်ဝိုင်း၏ ညီမျှခြင်းကိုရှာရန် radius နှင့် centre ကို သိရှိရမည်။ examplae (1) နှင့် (2) အရ AB နှင့် BC တို့၏ perpendicular bisector များ ဆုံသောအမှတ်သည် centre (O) ဖြစ်သည် ဆိုသော မှန်ကန်ချက်ကို သုံး၍ centre ကို ရှာနိုင်သည်။ ထိုနောက် radius=OA=OB=OC ဖြင့် radius ကို ရှာ၍ စက်ဝိုင်း၏ equation ကို ရှာနိုင်သည်။
- စက်ဝိုင်းတစ်ခု၏ general equation သည် x2+y2−2hx−2ky+e ဟုဖော်ပြနိုင်ကြောင့် Conic Sections -Part (5) တွင် တင်ပြခဲ့ပြီး ဖြစ်သည်။
- ထို့ကြောင့် ပေးထားသော အမှတ်သုံးမှတ်ကို စက်ဝိုင်း၏ general equation တွင် အစားသွင်းခြင်းအားဖြင့် h,k,e တို့ကို ရှာနိုင်ပြီး၊ ထိုမှတဆင့် centre နှင့် radius ကိုရှာနိုင်သည်။
- ယခုဖြေရှင်းချက်တွင် ဒုတိယနည်းလမ်းဖြစ်သော general equation ကို သုံး၍ ဖြေရှင်းပါမည်။ ပေးထားသော အမှတ်သုံးမှတ်ကို ဖြတ်သွားသော စက်ဝိုင်းညီမျှခြင်းကို ရှာပါဟု မေးထားပြီးဖြစ်၍ မျဉ်းတစ်ဖြောင့်တည်း မဟုတ်သော အမှတ်သုံးမှတ် ဖြစ်သည်ဟု သိရှိရပါမည်။
Solution
Any circle can be determined with the general equation x2+y2−2hx−2ky+e.A(2,−1),B(−1,2) and C(0,2) lie on the circumference of the circle.
At the point A(2,−1),4+1−4h+2k+e=0
∴−4h+2k+e=−5−−−(1)
At the point B(−1,2),1+4+2h−4k+e=0
∴2h−4k+e=−5−−−(2)
At the point C(0,2),4−4k+e=0
∴4k−e=4−−−(3)
Solving equations (1),(2) and (3), we get
h=−12,k=−12,e=−6
∴ Centre of circle =(h,k)=(−12,−12)
Radius =√h2+k2−e=√14+14+6=√132
Hence the equation of the circle is x2+y2+x+y−6=0 or (x+12)2+(y+12)2=132.
Example (4)
Show that the points A(−2,2), C(1,−3), C(6,0) and D(6,2) all lie on the same circle. Hence find the centre and radius of that circle.
ရှင်းလင်းချက်
- ပေးထာသော အမှတ်လေးမှတ်လုံး စက်ဝိုင်းတစ်ခုတည်းပေါ်တွင် ရှိကြောင်း သက်သေပြန်ရန် ဖြစ်သည်။ ထို့နောက် centre နှင့် radius ကို ရှာပေးရမည်။
- မျဉ်းတစ်ဖြောင့်တည်း မဟုတ်သော အမှတ်သုံးမှတ်တိုင်းသည် စက်ဝိုင်းတစ်ခုပေါ်တွင် ကျရောက်ကြောင်း example (3) တွင် တင်ပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နှစ်သက်ရာအမှတ်သုံးမှတ်ကိုယူ၍ စက်ဝိုင်းတစ်ခု၏ general form ကိုသုံး၍ circle equation ကို ရှာနိုင်သည်။ ကျန်အမှတ်တစ်ခုကို ရရှိလာသော equation တွင် အစားထိုး ပြေလည်စေခြင်းအားဖြင့် အမှတ်လေးမှတ်လုံး စက်ဝိုင်းပေါ်တွင် ရှိကြောင်း သက်သေပြနိုင်သည်။
- ထို့နောက် ရရှိလာသော circle equation မှ centre နှင့် radius ကို ရှာယူနိုင်သည်။
Solution
Let the required circle be x2+y2−2hx−2ky+e.
At the point A(−2,2),4+4+4h−4k+e=0
∴4h−4k+e=−8−−−(1)
At the point A(1,−3),1+9−2h+6k+e=0
∴2h−6k−e=10−−−(2)
At the point A(6,0),36−12h+e=0
∴12h−e=36−−−(3)
Solving equations (1),(2) and (3), we get
h=2,k=1,e=−12
Hence the equation of the circle is x2+y2−4x−2y−12=0
Substituting x=6,y=2 in x2+y2−4x−2y−12,
62+22−4(6)−2(2)−12
=36+4−24−4−12=0
Hence the point (6,2) lies on the circle.
∴ Centre of circle =(h,k)=(2,1)
Radius =√h2+k2−e=√4+1+12=√17
Exercise
1. | Given that a circle which passes throughthe points P(3,5) and Q(−1,3) has radius √10, find (a) the equation of the circle, (b) the equation of the perpendicular bisector of PQ. |
---|---|
2. | What are the length and the slope of the tangent(s) from the origin to the circle (x−3)2+(y−4)2=4? |
3. | Find all values of c such that the line y=x+c is tangent to the circle x2+y2=8. |
4. | Find an equation of the circle tangent to the line y=−2x+5 at the point (2,1) and with its centre on the line y=−x+6. |
5. | Find the equations for the circles determined by the following three points: (a) (−1,−1),(3,1),(1,5) (b) (1,4),(5,6),(3,2) (c) (3,−1),(1,1),(−1,−2) |
စာဖတ်သူ၏ အမြင်ကို လေးစားစွာစောင့်မျှော်လျက်!